Pepsi Myanmar (Lotte MGS) သည် ၁၉၉၀ ပြည့်နှစ်၊ မြန်မာနိုင်ငံ စျေးကွက်သို့ Pepsi အမှတ်တံဆိပ် စတင်ဝင်ရောက်လာချိန်မှစ၍ ရေရှည်တည်တံ့ခိုင်မြဲသော မှတ်တိုင်တစ်ခုကို စတင်စိုက်ထူခဲ့ပါသည်။
ထို့နောက် ၂၀၁၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၏ “Lotte” နှင့် မြန်မာနိုင်ငံ၏ “Myanmar Golden Star” တို့ ပူးပေါင်းကာ “Lotte MGS” ကို အောင်မြင်စွာ တည်ထောင်ခဲ့ ပြီး ထိုပူးပေါင်းမှုမှတစ်ဆင့် ကမ္ဘာ့အဆင့်မီ အရည်အသွေးပြည့် အမှတ်တံဆိပ်များဖြစ်ကြသော Pepsi, 7UP, Mirinda, Sting နှင့် ICIS Popa Aqua တို့ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူးပေးနေသည့် စွမ်းဆောင်ရည်မြင့်မားသော လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ပါသည်။
















