In which
we live in and grow

wHAT WE BELIeVE

At Lotte MGS, we believe in growing people, celebrating voices, and building future leaders together. Together, we create a culture where nothing is impossible, voices are heard, and bold dreams are transformed into reality.

Leaders at Every Level

Pepsi Myanmar (Lotte MGS) မှာဆိုရင် ခေါင်းဆောင်မှုဆိုတာ ရာထူးဂုဏ်ပုဒ်တစ်ခုတင်မဟုတ်ဘဲလူတိုင်းမှာရှိရမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်တစ်ခုလည်း ဖြစ်ပါတယ်။ဒါကြောင့်လည်း ဝန်ထမ်းအားလုံးရဲ့ အသံတိုင်းကို တန်ဖိုးထားပြီး အချင်းချင်း ပံ့ပိုးကူညီပေးတဲ့ လုပ်ငန်းခွင်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးထားပြီး Pepsi Myanmar (Lotte MGS) မှာ ကိုယ်ပိုင်အတွေးအမြင်၊ စိတ်ကူးအကြံဉာဏ်တွေကို ထုတ်ဖော်ပြသနိုင်အောင် အမြဲအားပေးမြှင့်တင်ပေးနေတာကြောင့် ဝန်ထမ်းတွေအနေနဲ့ မိမိတို့ရဲ့အရည်အချင်းတွေကို အပြည့်အဝ ဖော်ထုတ်နိုင်မှာဖြစ်သလို၊ တခြားသူတွေကိုလည်း စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းနိုင်ပြီး အဖွဲ့အစည်းတစ်ခုလုံး ရေရှည်တိုးတက်အောင်မြင်လာစေဖို့ အဓိကအခရာကျတဲ့ ကဏ္ဍကနေ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

Zee Kwat

Lotte MGS’S
cOMMITMENT TO OUR
PEOPLE

Lotte MGS’S<br /> cOMMITMENT TO OUR<br /> PEOPLE

13th Month Reward

Pepsi Myanmar (Lotte MGS) မှာတော့ Loyalty ဆိုတာ အတူတူကြိုးစားပြီး အောင်မြင်မှုတွေ ဘယ်လောက်ရယူနိုင်ခဲ့ကြသလဲဆိုတာနဲ့ တိုင်းတာပါတယ်။ အခုလို အတူတကွ အောင်မြင်မှု‌တွေကို ဖော်ဆောင်ပေးခဲ့ကြတဲ့ အဖွဲ့သားများအတွက် အထူးကျေးဇူးတင်ရှိတဲ့အနေနဲ့ "၁၃ လမြောက် လစာ" ဂုဏ်ပြုဆုကို ပေးအပ် လျက်ရှိပါတယ်။ ပိုမိုတောက်ပတဲ့ အနာဂတ်ခရီးလမ်းကိုလည်း Pepsi Myanmar (Lotte MGS) နဲ့အတူတူ ဆက်လက်လျှောက်လှမ်းသွားကြရအောင်။

Honoring Our
stars of excellence

နှစ်စဉ်ပြုလုပ်တဲ့ Hi-Po (High Potential) Programme မှာဆိုရင် ဝန်ထမ်းတွေအနေနဲ့ လက်တွေ့ အတွေ့အကြုံတွေရရှိစေဖို့အတွက် တကယ့်ပရောဂျက်တွေမှာလည်း ဝင်ရောက်လုပ်ကိုင်နိုင်မယ့်အပြင် အတွေ့အကြုံရှိတဲ့ စီနီယာတွေဆီကနေ တိုက်ရိုက် လမ်းညွှန်သင်ကြားပြသမှုတွေကိုလည်းရရှိသွားမှာ ဖြစ်တာကြောင့် နောင်တစ်ချိန်မှာ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ဖို့အတွက် အရေးကြီးလှတဲ့ လှေကားထစ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး Hi-Po ဝန်ထမ်းတွေအနေနဲ့ တိုးတက်အောင်မြင်နေပြီး လုပ်ငန်းခွင်တွင်သာမက Pepsi Myanmar (Lotte MGS) အတွက်ပါ ကောင်းသောပြောင်းလဲမှုတွေဖြစ်ပေါ်စေခဲ့တာကို အထူး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

2025 hi-po stars

“It has been a meaningful journey and conflict handling taught me to see challenges as opportunities to better understand peoplle.”

Kaung san thu

Operation associate

2025 hi-po stars

This meaningful journey showed me that handling conflict can transform challenges into opportunities for greater understanding of others.

Aye Thu Aung

Operation associate

2026 hi-po stars

The journey has been deeply meaningful, handle conflict has helped me view challenges to understand people.

Hnin Wai

Manager

High Tea With
Our CE0

Pepsi Myanmar (Lotte MGS) ရဲ့ “High-Tea with CEO” အစီအစဉ်ကို “ကျွန်မလည်း အိမ်ရှင်မ”ဆိုတဲ့ ခေါင်းစဉ်နဲ့ အတူ ကျင်းပပြုလုပ် ခဲ့ပါတယ်။ လုပ်ငန်းခွင်နဲ့ မိသားစုတာဝန်တွေကို မျှတအောင် ထိန်းညှိရပုံကို CEO မလင်းသန္တာအောင်နဲ့အတူ ရင်းနှီးစွာ ရင်ဖွင့်မျှဝေခဲ့ကြပြီး အမျိုးသမီးတိုင်း အလုပ်မှာရော အိမ်မှာပါ ယုံကြည်မှုရှိရှိနဲ့ တောက်ပလာနိုင်ဖို့အတွက် အချင်းချင်း ဝန်းရံပံ့ပိုးပေးနိုင်မယ့် ရပ်ဝန်းတစ်ခု ဖြစ်လာအောင် Pepsi Myanmar မှ အမြဲတမ်း ဖော်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

Growing Together at
Lotte MGS

At Lotte MGS, discovering and nurturing potential is at the heart of our growth.

Talent Development Program

Pepsi Myanmar (Lotte MGS) မှာ လူငယ်တိုင်း အတွေ့အကြုံမရှိရင်တောင် ကိုယ့်အနာဂတ် Career ကို ရှာဖွေနိုင်ဖို့ အခွင့်အရေး ရသင့်တယ်လို့ ယုံကြည်ပါတယ်။ အဲဒီအတွက် စိတ်အားထက်သန်တဲ့ လူငယ်တွေအတွက် (၆) လကြာ TDP အစီအစဉ်ကို ဖော်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ဒီ Learning Journey မှာ Buddy Program နဲ့ စီနီယာတွေရဲ့ လမ်းညွှန်မှုကတစ်ဆင့် မတူညီတဲ့ဌာနတွေကို လေ့လာပြီး လက်တွေ့လုပ်ငန်းခွင်စွမ်းရည် ၊ စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ Professional Career လမ်းကြောင်းကို ရှာဖွေနိုင်စေဖို့လည်း အကူအညီပေးပါတယ်။ အခုဆိုရင် Batch (၄) ခုအထိ ရှိလာခဲ့ပြီး လူငယ် (၃၄) ဦးဟာ ဒီအစီအစဉ်ကနေ ကိုယ်ပိုင် Career လမ်းကြောင်းတွေကို အောင်မြင်စွာ စတင်လျှောက်လှမ်းနေကြပြီ ဖြစ်ပါတယ်။ လက်ရှိ Batch (4) ရဲ့ လူငယ်တွေလည်း အတွေ့အကြုံသစ်တွေနဲ့အတူ အနာဂတ်ခရီးလမ်းကို စတင်နေပြီဖြစ်ပြီး Pepsi Myanmar (Lotte MGS) အနေနဲ့ လည်း အနာဂတ် လူငယ်တွေကို အမြဲပံ့ပိုးပေးနေမှာ ဖြစ်ပါတယ်။

L & D Programs

ဝန်ထမ်းများ၏ အရည်အချင်းများကို မြှင့်တင်ပေးနိုင်ရန် သင်ယူလေ့လာခွင့်များနှင့် တိုးတက်နိုင်သော Career Path များကို ဖန်တီးပေးကာ အနာဂတ်၏ ပြောင်းလဲမှုများနှင့်အတူ လိုက်လျောညီထွေ တိုးတက်နိုင်သော လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်လျက်ရှိပါသည်။

We are awating the talented people.

jOin our
Growing Team