(၈ ဒီဇင်ဘာ ၂၀၂၅၊ Lotte Hotel)
မြန်မာနိုင်ငံကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များအသင်း (KoCham) မှ ဦးဆောင်ကျင်းပသော Corporate Social Responsibility (CSR) ဆိုင်ရာ အခမ်းအနားသို့ Lotte MGS မှ Pepsi Myanmar ၏ CEO ဖြစ်သူ ဒေါ်လင်းသန္တာအောင်၊ COO ဒေါ်ဂျူးဂျူးနှင့် CBO ဦးဟိန်းထက်အောင် တို့ တက်ရောက်ခဲ့ကြောင်း ဝမ်းမြောက်စွာ မျှဝေလိုပါသည်။
အဆိုပါအခမ်းအနားတွင် ကိုရီးယားသံရုံးက ကိုရီးယားနှင့် ဆက်စပ်လုပ်ငန်းများမှ ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော CSR စီမံကိန်းများထဲမှ ထင်ရှားထူးချွန်သည့် ကုမ္ပဏီ (၄) ခုကို ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့ပါသည်။ Lotte MGS သည်လည်း CSR လုပ်ငန်းများအတွက် ဤဂုဏ်ပြုဆုကို ရရှိခဲ့ပြီး ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ရပ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
အခမ်းအနားတွင် Lotte MGS (Pepsi Myanmar) မှ ၂၀၂၅ ခုနှစ်အတွင်း အဓိကဆောင်ရွက်ခဲ့သော CSR လုပ်ငန်းများဖြစ်သည့်
1) Women Empowerment Programs
2) Youth Development Programs
3) Community Care Projects
များကို ကိုရီးယား စီးပွားရေးခေါင်းဆောင်များအား ဂုဏ်ယူစွာဖြင့် မျှဝေခဲ့ပါသည်။
ယခုမျှဝေနိုင်ခဲ့သည့် CSR လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမှာ Lotte MGS ဝန်ထမ်းတစ်ဦးချင်းစီ၏ စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ပါသည်။
Lotte MGS ၏ CSR ရည်မှန်းချက်ဖြစ်တဲ့ “မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သော မနက်ဖြန်အတွက် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပံ့ပိုးပေးနိုင်ရန်” ဆိုသော ရည်ရွယ်ချက်အောက်တွင် အကျိုးပြုလှုပ်ရှားမှုများကို ဆက်လက် တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ Lotte MGS (Pepsi Myanmar) အနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပိုမိုကောင်းမွန်တိုးတက်စေရန်အတွက် အမျိုးမျိုးသော CSR လုပ်ငန်းများကို ၂၀၂၆ ခုနှစ်သစ်တွင်လည်း ဆန်းသစ်ပြည့်စုံသော နည်းလမ်းများဖြင့် ဆက်လက် ကြိုးပမ်း အကောင်အထည်ဖော်သွားရန် မျှော်မှန်းပါသည်။